Print

လေးဘက်နာနှင့်အစားအစာ

  22-Aug-2017
Preview Image

 

လေးဘက်နာရောဂါသည်များ ရှောင်ရှားသင့်သော အစားအစာများ


(၁) အနီရောင်အသားများ

 အနီရောင်အသားများတွင် အဆစ်ရောင်ခြင်းကို ပိုဆိုးစေသော၊ ဝစေသော ပြည့်ဝဆီပါဝင်သောကြောင့် လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်သည်။ 


(၂) သကြားနှင့် ဂျုံ

 သကြားနှင့်ဂျံုပါဝင်သော အစားအစာများ ဥပမာ - သရေစာမုန့်များ၊ ပေါင်မုန့်၊ ပါစတာ စသည့် အစားအသောက်များသည် ကိုယ်အလေးချိန်များကို တိုးစေပြီး အရိုးအပေါ် ဖိအားပိုများစေပြီး အရိုးရောင်ခြင်းကို တိုးစေသောကြောင့် မစားသင့်ပါ။


(၃) ဆီးကြော်အစားအသောက်များ 

 ဆီကြော်အစားအသောက်များသည် အဆီများတိုးစေသောကြောင့် အရိုးအပေါ်ဖိအားတိုးစေပြီး လေးဘက်နာကို ပိုဆိုးစေသည်။  


(၄) ဂလူတန်ပါဝင်သော အစားအစာများ

 ဂလူတန်ပါဝင်သော အစားအစာများ ဥပမာ အာလူး၊ ပြောင်း၊ ဂျံု၊ ဘာလီ စသည့် ကောက်ပဲသီးနှံများသည် လေးဘက်နာကို ပိုဆိုးစေသည်။ 


(၅) အရက်

 အရက်ကို အလွန်အကျူးသောက်သုံးခြင်းသည် လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်သည်။ 


(၆) အဆင်သင့်ပြုလုပ်ထားသော အစားအစာများ 

(ဥပမာ - ခေါက်ဆွဲခြောက်များ)


(၇) လမ်းဘေးအစားအစာများ 

 ဥပမာ - သရက်သီးသုပ်၊ ရှောက်သီးသုပ်၊ ဝက်သားဒုတ်ထိုး၊ ယင်နားစာများ၊


လေးဘက်နာရောဂါသည်များ စားသင့်သောအစားအစာများ

(၁) Omega 3 ပါဝင်သော အစားအစာများ ဥပမာ - ငါးကထွက်တဲ့အဆီ၊ ငါးမြင်းဗိုက်အသားအဆီ၊ ငါးကြီးဆီ။

(၂) ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ၊ ဥပမာ - အဝါရောင်အသီးအနှံ မုန်လာဥဝါ၊ 

ရွှေဖရုံသီး၊ သရက်သီး၊ သင်္ဘောသီး။

(၃) နံနံပင်

(၄) နနွင်း

(၅) ဂျင်း

(၆) နာနတ်သီး

(၇) လက်ဖက်စိမ်း

(၈) ချဉ်သော ချယ်ရီသီးနှင့်သလဲသီး

(၉) မုန်လာဖြူ

(၁၀) ငရုတ်ကောင်း တို့ဖြစ်ပါသည်။


Credit: Dr. Khine



Related Articles


Advertisment 18